Friday, May 18, 2007

Venice လား ၊ ရန်ကုန်လား

ရန်ကုန်မြို့ကိုမုန်တိုင်းဖြတ်ပြီး နောက်တစ်နေ့မနက်ပေါ့ ကျွန်တော်အိပ်ရာကနိုး တော့အိပ်ရေးကလည်းသိပ်မ၀သေးဘူး၊ မျက်လုံးကိုမနဲဖွင့်ပြီး အိမ်ရှေ့ပြတင်း ပေါက်ကနေ အပြင်ကိုကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော် ကိုယ့်ကိုကို Venice ကိုရောက်သွားပြီထင်နေတာ၊ လမ်းပေါ်မှာရေတွေက တော်တော်ကိုကြီးနေတာ၊ သေသေချာချာပြန်ကြည့်တော့မှဘဲ ရေတွေပေါ်မှာသွားနေကြတာ လှေတွေမ ဟုတ်ပဲကားတွေဖြစ်နေတယ်. အဲဒီတော့မှဘဲကျွန်တော်လဲ ရုံးသွားဖို့သတိရ တော့တယ်။ အဲဒီ နေ့ကတော့ ရုံးကိုဘောင်းဘီအတိုနဲ့သွား လိုက်ရတယ်ဗျာ။ ဘာဘဲဖြစ်ဖြစ် တော်ပါသေးတယ်ရုံးကိုရေကူးပြီးမသွားရ လို့ပေါ့ အဲဒီနေ့က Taxi တွေကလဲ MICT Park ကိုမလိုက်ကြဘူး မိုးကလည်း တော်တော်ကိုရွာတယ်။ Taxi တောင် မနဲတောင်းတောင်း ပန်ပန်ငှားရတယ်ဗျာ..:) ရုံးရောက်မှဘဲ ရေချိုးပြီး အ၀တ်အစားပြန်လဲရတယ်။ ကျွန်တော့်ရဲ့ အမှတ်တရ Venice ခရီးစဉ်လေးပေါ့..:P

No comments: