Wednesday, August 22, 2007

တောင်ကြီးအမှတ်တရ




တိုးတက်မှုအကောင်းဆုံးကုန်ဈေးနှုန်း

ကျွန်တော် မရေးဖြစ်တာလဲတော်တော်ကြာနေပြီ။ အခုတော့ မရေးဘဲမနေနိုင်လို့ရေးလိုက်ပါတယ်။ အားလုံးသိပြီးတဲ့အတိုင်းပါပဲ
်ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးတွေတက်သွားတဲ့နေ့ကပေါ့ဗျာ ကြားလိုက်ရတော့ ၊ သေပါပြီ အလုပ်ကမှ ကောင်းမယ်မကြံ သေးဘူး ဈေးနှုန်းတွေတော့ တက်ကုန်တော့မယ်လို့တွေးမိပြီးတော့ တော်တော်ညစ်သွားတယ်။ ဒါပေမဲ့ ကိုယ့်မှာကလဲ ကားမရှိတောို့တိုက်ရိုက်မထိခိုက်သေးဘူးဆိုပြီးဖြေပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့တော့ ကြားရတဲ့သတင်းက မီတာခတွေ ၁ ယူနစ် ကို ၅၀ထိ တက်မယ်ကြားလိုက်တော့တော်တော်စိတ်ပိန်သွားတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ကို တိုက်ရိုက်ကို ထိခိုက်သွားပြီ အိမ်က မီတာခတွေ ကိုကျွန်တော်ကဆောင်တာဗျ....သေပြီဆရာပေါ့ဗျာ.....အဲဒီသတင်းမဟုတ်ပါစေနဲ့လို့ဘဲ ဆုတောင်းနေရတော့မယ်ဗျာ..ဒါဘဲတတ်နိုင် တော့တယ်..